Contact us

သွားချေး (ဂျီး) ချွတ်ခြင်းအကြောင်း
Health Digest
သွားချေးထုတ်
- သွားမှာ ချေးဖြစ်ရခြင်း အကြောင်းရင်းကိုသိချင်ပါတယ် ဆရာ။
သွားမှာ ချေး ဖြစ်ရခြင်း အကြောင်းက အမျိုးမျိုး ရှိတယ်။ နံပါတ်(၁) ဆေးလိပ် သောက်လို့ ဖြစ်တာ။နံ ပါ တ် ( ၂ ) သောက်တဲ့ ရေထဲမှာ သံ ဓာတ်တွေများ လို့ ဖြစ်တာ။ နံပါတ်(၃)တချို့ကငယ်ငယ်ကတည်းကကျန်းမာ ရေးချို့တဲ့လို့၊ ပဋိဇီဝဆေး (Antibiotics) တွေ သောက်ရလို့ စတာတွေကြောင့် သွားမှာ အရောင် တွေ၊Spot တွေဖြစ်ရတာပေါ့။ Pigment တွေ လက်သည်းပွင့်သလိုမျိုးဖြစ်တာ။နောက် တစ်ခုက အစားအစာ ထဲမှာ ပါတဲ့ ကစီဓာတ် တွေ သွားမှာကပ်ပြီး တဖြည်းဖြည်း ကယ်လ်စီယမ်တွေ အနည်ကျလာပြီး မာလာပြီးတော့ ကျောက်ဖြစ်တာ။ အဲဒီလိုမျိုးတွေပေါ့။

ကွမ်းစားတဲ့လူတွေရောဖြစ်တတ်လားဆရာ
ကွမ်းစားတဲ့လူလည်းဖြစ်တယ်။ အဲဒါကအလေ့ အကျင့်ကြောင့် ပေါ့။ ခုနက ဆေးလိပ် သောက်တဲ့ လူလိုမျိုးပဲ။
သွားချေးကလူကိုဒုက္ခပေးသလားဆရာ၊ဘာ ကြောင့်ပါလဲ
အဓိက လူကိုဒုက္ခပေးတာကတော့ ကျောက်တွေ ကြောင့်ပေါ့။ ခုနဟာတွေက ဒုက္ခတော့ပေးတယ်။ ဒါပေမယ့် သွားဖုံးကို ဆိုးဆိုးရွားရွား သိပ်မထိခိုက်စေနိုင်ဘူး။ ဆေးလိပ် သောက်တာ၊ ကွမ်းစားတာကလျှာတွေဘာတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ ဆေးရွက်ကြီးငုံတာက အနာတွေဖြစ်နိုင် တယ်။ အဲဒါတွေကတောံ့ဘေငအကေူ နြ့လေငသကမ ဆိုတဲ့ ဓလေ့ စရိုက်ကြောင့်ပေါ့။ ဆရာပြောတဲ့ ခုန ကျောက်တွေ ကတော့ နှစ်မျိုးနှစ်စား ရှိတယ်။ အပေါ်ယံကျောက်နဲ့ သွားဖုံး ထဲက ကျောက်ပေါ့။ အဲဒါတွေက ထမင်းစားတဲ့အခါမှာ လှုပ်ရှားမှုရှိတော့ ကျောက်တွေကပ်လာတဲ့အခါမှာ ကျောက် တွေက သွားဖုံးကိုထိုးတယ်။ ပထမ နည်းနည်းလေး ရောင် လာမယ်။ နောက်သွေးတွေဘာတွေထွက်မယ်။ နောက် ပါးစပ်က မကောင်းတဲ့အနံ့တွေဘာတွေ ထွက်လာမယ်။ နောက်ပြီး အဲဒီ Infection က သွား နဲ့ သွားဖုံးရဲ့ကြားမှာ ကူရှင်လေးလို အလယ်မှာခံထားတဲ့ အရာလေးကို ပြည်တည်ပြီးတော့ အဲဒါက ပြည် ကြောင့် တဖြည်းဖြည်းနဲ့ ပျက်သွား တယ်။ အဲဒီတော့ သွားတွေက သူ့ရဲ့ အရိုးထဲမှာ လှုပ်ရှားမှုဖြစ်ပြီး ရေစီးကမ်း ပြိုလိုက်တာမျိုးဖြစ်လာမယ်။ ပထမပိုင်း စဖြစ်ကာစကတော့ဒီလောက်မသိသာ သေးဘူး။ တဖြည်းဖြည်းများလာရင် တော့ သိသာလာမယ်။ ရေစီးကမ်းပြို ဖြစ်ပြီးပျက်စီးတတ်တဲ့အတွက် လူတိုင်း ခြောက်လတစ်ကြိမ် သွားတွေကို သွား ဆရာဝန်နဲ့ စစ်သင့်တယ်။
ဒီရောဂါဖြစ်ရင် ဘယ်လိုကုသ ရမလဲ ဆရာ
Calculus ကို ခြစ်ထုတ်ရမယ်။ Subgingival cavity မှ ကျောက်ကို လည်းခြစ်ထုတ်လိုက်မယ်ဆိုရင် ဒီ ရောဂါကို ကာကွယ်နိုင်မှာပါ။ အရမ်း ဆိုးဝါးရင်တော့ Antibiotics ပဋိဇီဝ ဆေးကို စားပြီးတော့ ကုသနိုင်တယ်။ ဒါကတော့ ကုသမှုပိုင်းပေါ့။ ခုနပြော သလို ရေသောက်လို့၊ ကွမ်းစားလို့ ဖြစ်တဲ့ Stain တွေက ခြစ်ထုတ်ပစ် လို့ရတယ်။ ငယ်ငယ်တုန်းက စားရတဲ့ ပဋိဇီဝဆေးကြောင့် Spot တွေ၊ Pigment ရောင်ခြယ်တွေဖြစ်တာက တော့ လုပ်လို့မရဘူး။ ဆေးငုံတာ၊ ဆေးရွက်ကြီးငုံတာ တွေကြောင့် ကင်ဆာရောဂါတွေ ဖြစ် နိုင်တဲ့အတွက် ဒီအလေ့အကျင့်ဆိုး တွေကို ဖျောက်ပစ်ရမယ်။
- ဒီလိုမဖြစ်အောင် ဘယ်လို ကာကယ်ရမလဲဆရာ
ဒီလို သွားမှာ ချေးမဖြစ်အောင် စနစ်မှန်သွားတိုက်နည်းကို သေသေ ချာချာလိုက်နာပြီး တိုက်ရမယ်။ သွား ပွတ်တံကလည်း အရမ်း မကြမ်းရဘူး။ အရမ်းလည်း မနုရဘူး။ သွားပွတ်တံ ကို ခြောက်လတစ်ကြိမ် အသစ်လဲ လှယ်ရမယ်။ ဒီနည်းလမ်းတွေကို လိုက် နာကျင့်သုံးပါက ကျောက်တည်တာ သက်သာတယ်။ သွားထပ်တဲ့လူတွေ ကတော့ သွားရဲ့ ချောင်ကြိုချောင် ကြားမှာ ကပ်နေနိုင်တာဆိုတော့ ပို ဂရုစိုက်ရမယ်။ ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ပြပြီး စစ်ဆေးသင့် ပါတယ်။
(ဒေါက်တာစိုးသိန်းနိုင်လင်း သွားဆေးခန်း၊ လှည်းတန်းမှ ကူညီသည်။)

0 Reviews:

Post a Comment