Contact us

ပိုင်ဆိုင်သမျှ ဓနဥစ္စာအားလုံး လှူဒါန်းပစ်မည့် တရုတ်(ထိုင်ဝမ်) ဘီလျံနာ


Samuel Yin
အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်ပိုင်ဆိုင်သည့် တရုတ် (ထိုင် ဝမ်) စီးပွားရေးလုပ်ငန်းရှင် သူဋ္ဌေဌးကြီး ဆန်မြူယယ်ယင်က ၄င်းကွယ်လွန်ပြီးနောက် ဓနဥစ္စာများ၏ ၉၅ ရာခိုင်နှုန်းကို လှူ ဒါန်းမည်ဟု ကတိပြုကြောင်းဒေသခံမီဒီယာက ဒီဇင်ဘာ ၂၁ တွင် ပြောကြားခဲ့သည်။ တရုတ်(ထိုင်ဝမ်)၏ အချမ်းသာဆုံး အမျိုးသားများအနက် တစ်ဦးဖြစ်သူ အသက် ၆ဝ နှစ်အရွယ်ရှိ ဆန်မြူယယ်ယင်က ''ကျွန်တော်ဟာ ဒီကိစ္စကို ကျွန်တော့်ရဲ့ မိသားစုကိုပြောပြီးပြီ။ သူတို့က သဘောတူကြပါတယ်''ဟု တိုင် ပေ အခြေစိုက် တရုတ်ဘာသာဖြင့် အပတ်စဉ်ထုတ်ဝေသော Business Today သို့ ပြောကြားခဲ့သည်။

ဆန်မြူယယ်ယင်သည် အဝတ်အထည်၊ အိမ်၊ ခြံ၊ မြေ အာမခံ၊ ဟိုက်ပါမားကက်များနှင့် ပညာရေးအပါအဝင် စီးပွား ရေးလုပ်ငန်းစုံလုပ်ကိုင်သော Ruentex လုပ်ငန်း၏ အကြီးအကဲ ဖြစ်သည်။ မစ္စတာယင်က ゞင်းအနေဖြင့် မည်၍မည်မျှချမ်းသာ ကြောင်း ထုတ်ဖော်ပြောကြားမှုမပြုပေ။ သို့သော် မဂ္ဂဇင်းက ゞင်း ၏ပိုင်ဆိုင်မှုမှာ စင်ကာပူဒေါ်လာ ၄ ဒသမ ၁၃ ဘီလျံခန့်ရှိ ကြောင်း ဖော်ပြသည်။ ゞင်း၏ကတိအသေးစိတ်အချက်အလက် များကို အပြီးမသတ်ရသေးပေ။ သို့သော်၎င်းက ပိုက်ဆံများကို နိုဘယ်ဆုကဲ့သို့သော အဖွဲ့အစည်းတစ်ရပ် ထူထောင်ရာတွင် အသုံးပြုမည်ဟု ပြောကြားခဲ့သည်။

0 Reviews:

Post a Comment