Healthcare


ကျွန်တော် ဆေးခန်းသို့ ၂၀၁၁ ခုနှစ်၊  အောက်တို ဘာလနောက်ဆုံးအပတ်အတွင်း ၌ ၁၅ နှစ်အရွယ်သမီးမိန်းကလေး ၂ ဦး အူအတက်  ရောင်ရောဂါဖြင့် လာရောက် ကုသပါသည်။ ပထမရက် တွင် မိခင်ဖြစ် သူသည် လက်ကိုဆွဲ၍  ဝမ်းဗိုက်ကို ခွဲစိတ် ဒဏ်ရာရထားသော သမီးမိန်းကလေး လာပြပါသည်။  အထူးဆေးခန်းကြီးတစ်ခု ၌ အူအတက်ရောင်၍ အရေးပေါ်ခွဲစိတ် ထားကြောင်း ပြောပါသည်။  ဘော်ဒါ အဆောင်တွင်ထားသော ဒဿမတန်း ကျောင်းသူဖြစ်ပြီး၊ အိမ်တွင်ခွဲစိတ်ပြီး  ခေတ္တနားနေချိန်၌ အနည်းငယ်နာကျင် ခြင်း၊ ကိုက်ခဲခြင်းရှိ၍လာပြခြင်းဖြစ်ပါ  သည်။
အထူးကုဆေးခန်းမှပေးသော ဆေး များ  ဆက်သောက်ခိုင်းပြီး၊ သင့်တော်သော ဆေးမျာ်းကို ထပ်မံမေးလိုက်၍ သက်သာ  သွားပါသည်။ ဒုတိယရက်၊ ညပိုင်း ၇ နာရီတွင် ဆိုက်ကားတစ်စီးဆိုက်ရောက်ပြီး၊  အမျိုးသမီးကြီးတစ်ဦးသည် သမီး မိန်းကလေးကို ပွေ့ချီ၍ ရောက်ရှိလာပါ သည်။ ၉  တန်းကျောင်းသူဖြစ်ပြီး၊ တောမှ ကျောင်းလာ တက်ခြင်း ဖြစ်ပါသည်။
ရောဂါ ရာဇဝင်ကို မေးခြင်းနှင့်  စမ်းသပ်စစ်ဆေး ခြင်းများ ပြုလုပ်ရာတွင် အူအတက် ရောင်နေကြောင်း တွေ့ရပါသည်။  နောက် နေ့ မနက် ၁ နာရီခန့်တွင် အူအတက် ကို အရေးပေါ်ခွဲစိတ်လိုက်ရကြောင်း  သိရှိရပါသည်။ ထိုသမီးမိန်းကလေး ၂ ဦးကိုကြည့်ပြီး၊ အူအတက်ရောင်ရောဂါ ကို  သတိထားရမည့်ရော၈ါတစ်ခုအဖြစ် သိစေ၍ ရေးမိခြင်း ဖြစ်ပါသည်။
(က) အူအတက်ရှိသောနေရာ
အူအတက်သည် ဝမ်းဗိုက်၏ ညာ ဘက်အောက်ပိုင်း၊  အူသိမ်နှောင်းပိုင်းချိုင့် သော နေရာတွင်ရှိပါသည်။ချက်နှင့် တင်  ပါးဆုံရိုး၏အပေါ်စွန်းထိပ်ဆက်သော နေရာ ၏ ညာဘက် ၃ ပုံ ၁ ပုံနှင့် ဘယ်ဘက် ၃  ပုံ ၂ ပုံဆုံသောနေရာ (Macburney's Point) အပေါ်တွင်ရှိပါသည်။ အူအတက် သည်  အူအသေးနှင့် အူမကြီးအပိုင်းတို့ ဆက်သည့် အူအပိုင်းနေရာ (သို့မဟုတ်) အူပိတ်  (Caecum) နှင့် တွယ်ဆက်နေပါ သည်။
(ခ) အူအတက်အရွယ်အစား
အူအတက်သည် တစ်ဖက်ပိတ်ြွပန်  ပုံသဏ္ဍာန်ဖြစ်ပြီး၊ြွကက်သားအလွှာ ၄ လွှာနှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။  သူအတက်သည် ၇ .၅ မှ ၁၀ စင်တီမီတာ ထိ ရှည်လျားပြီး၊ အတွင်းအခေါင်းပေါက်  အရွယ်အစားသည် ၁ မှ ၂ မီလီမီတာ အရွယ်ရှိပါသည်။
(ဂ) အူအတက်တည်ရှိသော နေရာပေါ်မူတည်၍ အမျိုးအစားခွဲခြား ခြင်း
အူအတက်သည် အူပိတ်၏ အနောက်ပိုင်း  (Retnocaecal) တွင် တည်ရှိမှုသည် ၇၄ ရာခိုင်နှုန်းခန့်ရှိပြီး၊  အများဆုံးတွေ့ရှိရပါသည်။ တင်ပါးဆုံရိုး အတွင်း တည်ရှိသော အမျိုးအစား  (Pelvic Type) သည် ၂၁ ရာခိုင်နှုန်း၊ အူသိမ် နှောင်း၏ အရှေ့ပိုင်း  အမျိုးအစား (Preileal Type) ၊ အူသိမ်နှောင်း၏ အနောက်ပိုင်းအမျိုးအစား  (Postileal type) ၊ အူပိတ်နှင့်ကပ်လျက်တည်ရှိသော အမျိုးအစား (Paracaecal  type) နှင့် အူ ပိတ်၏အောက်တွင်ရှိသော အမျိုးအစား (Subcaecal type) တို့သည် ၅  ရာခိုင်နှုး စီ တွေ့ရှိရပါသည်။
(ဃ) ဖြစ်ပွားတတ်သော အသက် အရွယ်
အူအတက်ရောင်ခြင်း (ACUTE APPENDICITIS)  သည် အသက်တစ် နှစ်အောက်အရွယ်တွင် ဖြစ်ခဲလှသော် လည်း၊  မည်သည့်အသက်အရွယ်မဆိုဖြစ် တတ်ပါသည်။ ဆယ်ကျော်သက်အရွယ် များတွင်  အဖြစ်အများဆုံးဖြစ်ပြီး၊ အသက် ကြီးအရွယ်များတွင် ဖြစ်ပွားနှုန်းသည်  တဖြည်းဖြည်းလျော့နည်းကျဆင်းလာပါ သည်။ ယောကျာ်းကလေးများနှင့်  မိန်းကလေးများသည် အရွယ်မရောက်သေး သောအချိန်၌ ဖြစ်ပွားနှုန်းတူညီသော်လည်း၊  ဆယ်ကျော်သက်အရွယ်တွင် ယောကျာ်း ကလေးများက ပိုမိုဖြစ်ပွားတတ်ပါသည်။ အသက် ၂၅  နှစ်နောက်ပိုင်းတွင် မိန်းကလေးများမှ ပိုမို၍ဖြစ်ပွားတတ်ပါ သည်။
(င) အူအတက်ရောင်ခြင်းဖြစ်ရ သော အကြောင်းအရင်းများ
အူအတက်ရောင်ခြင်းသည် ရောဂါ  ပိုးမွှားကြောင့်သော်လည်းကောင်း၊ မာလ ကာစေ့၊ စပါးလုံး၊  ပြောင်းဖူးစေ့ကဲ့သို့သော သေးငယ်သည့်အရာဝတ္ထုကလေးများအူ အတက်အတွင်းသို့  ဝင်ရောက်ခြင်းကြောင့် လည်းကောင်း၊ ကောက်ညှင်း၊ ဆန်စည်း  (ရှမ်းဆန်)ကဲ့သို့သော အစာမကြေလွယ် သော အစားအစာများကို စားမိ၍လည်း  ကောင်းဖြစ်တတ်ပါသည်။ အစပထမတွင် အူအတက်၏ အတွင်း ဝမ်းခေါင်းသည်  ပိတ်သွားပါသည်။ ပြန်လည်၍ ဖွင့်ရန်ပြု လုပ်ချိန်တွင် အူအတက်မှ အရည်များကို  ထုတ်ပေးပါသည်။ ထိုအရည်များသည် အူ အတက်ရောင်ရမ်းမှုကို ဖြစ်စေပါသည်။  အူအတက်ရောင်လာခြင်းကြောင့်၊ အူ အတက်အတွင်း၌ ဖိအားများ ပိုများလာ ပါသည်။  သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ လင့် (သို့မဟုတ်) ပြန်ရည်အကြောများ ကို  ဖိမိစေပါသည်။ အူအတက်တွင် သွေး ရရှိမှု နည်းလာပြီး ရောင်ရမ်းလာပါသည်။  တဖြည်းဖြည်းနှင့် ဖိအားများလာပြီး၊ ပေါက်ထွက်မှုကို ဖြစ်စေပါသည်။
(စ) အူအတက်ရောင်ခြင်း လက္ခဏာများ
ပထမဆုံးချက်၏ ပတ်ပတ်လည် လည်တွင်  ဝမ်းဗိုက်နာခြင်းကို စ၍ဖြစ် တတ်ပြီး၊ အူအတက်ရှိသော ဝမ်းဗိုက်၏  ညာဘက်အောက်ပိုင်း၊ အူသိပ်နှောင်းပိုင်း ချိုင့်သောနေရာတွင်  ရွှေ့ပြောင်းနာပါသည်။ ထိုအချိန်တွင် ပျို့ခြင်းနှင့် တစ်ခါနှစ်ခါ လောက်  အန်ခြင်းတို့တွဲ၍ ဖြစ်ပေါ်လာပါ သည်။ အဖျားလည်း အနည်းငယ်ရှိတတ် ပါသည်။  ဝမ်းလည်းချုပ်တတ်ပါသည်။ ဝမ်း ဗိုက်ြွကက်သားများသည်လည်း အလိုလို  တင်းမာလာပါသည်။ ဝမ်းဗိုက်ကို ထိ၊ ကိုင် ၍ မရအောင်ထိ၊ နာကျင်ပါသည်။ အူ  အတက်ရှိသော Macburney's point နေရာကို ဖိလိုက်သော အချိန်တွင် နာကျင်မှု  သိပ်မရှိဘဲ၊ လက်ကိုပြန်လွှတ် လိုက်သော အချိန်တွင် ပြင်းထန်စွာ နာကျင်မှုကို  ခံစားရပါသည်။
(ဆ) အူအတက်ရောင်ခြင်း၏ နောက်ဆက်တွဲလက္ခဏာများ
အူအတက်ပေါက်သွားပါက ဝမ်း တွင်း အမြှေးပါးရောင်ရမ်းခြင်း (Peritoritis) ဖြစ်ပြီး အသက်ဆုံးရှုံးနိုင် ခြင်းကို ဖြစ်စေပါသည်။
(ဇ) အူအတက်ပေါက်ခြင်းဖြစ်စေ သောသူများ
အူအတက်ရောင်ရမ်းခြင်းကို အချိန် မီ  မကုသဘဲထားပါက အူအတက် ပေါက် တတ်ပါသည်။ ဆီးချို၊ သွေးချိုရောဂါခံစား  ရနေသူများ၊ ကိုယ်ခံစွမ်းအားကျဆင်းနေ သူများ၊ အသက်အရွယ်အလွန်အမင်းကြီး  ရင့်သူများ၊ အူအတက်သည့် တင်ပါးဆုံ ရိုးအတွင်း တည်ရှိသူများနှင့် ယခင်က  ဝမ်းဗိုက်ကို ခွဲစိတ်မှုတစ်ခုခုခံယူဖူးသူများ တွင် ပိုမို၍  အူအတက်ပေါက်ခြင်းကို ဖြစ် နိုင်ပါသည်။
(ဈ) အကြံပြုချက်
အူအတက်ရောင်ခြင်းသည် အခြား  ဝမ်းဗိုက်အတွင်းမှဖြစ်သောရော၈ါများနှင့် မှားတတ်ပါသည်။ ဝမ်းဗိုက်နာပါက တတ်  ကျွမ်းသော ဆရာဝန်၊ ဆရာမများနှင့်ပြသ ပါ။ မိမိသဘောဖြင့် ဆေးသောက်ခြင်း၊  ဝမ်းဗိုက်ကိုနှိပ်ခြင်း၊ ဝမ်းနှုတ်ခြင်းများ မပြုလုပ်ပါနှင့်။  ဝမ်းဗိုက်နာပြီးဆိုပါက အူအတက်များ ရောင်ရမ်းနေသလားဆို ပြီး သတိထားရပါမည်။  အချိန်မီသိရှိပြီး၊ အူအတက်ကို ဖြတ်ထုတ်ခြင်း (Appendectomy) ပြုလုပ်ပါက အသေ  အပျောက် လုံးဝမရှိနိုင်ပါ။ သို့ဖြစ်၍ လူတိုင်း လူတိုင်းသည် ဝမ်းဗိုက်ထဲက  အူအတက်ကလေးကို ဝမ်းဗိုက်နာတိုင်း သတိထားစေချင်ပါသည်။
ဒေါက်တာ မြင့်သန်းထွန်း 
 
 
 
 
 
သတိထားရမည့် အူအတက်ရောင်ရောဂါ
ReplyDeleteသတိထားရမည့် အူအတက်ရောင်ရောဂါ
ReplyDelete